Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂

A+ A-

Unicode….

စစ်ခွန်း….

ကျွန်တော် ရူးများရူးနေပြီလား 🙁
ဘာလို့လဲ……. ဘာလို့များကျွန်တော်မှဒီလိုဖြစ်နေရတာလဲ…ရုပ်ရှင်ဇာတ်ကားတွေကြည့်ရင်တောင် အချစ်ကားတွေထဲမှာမင်းသားနဲ့မင်းသမီး တစ်ယောက်နဲ့တစ်ယောက်ခွင့်မလွှတ်နိုင်စရာတွေရှိခဲ့ရင်တောင် အချစ်ဆိုတဲ့ အရာတစ်ခုကြောင့် နောက်ဆုံးမှာ အရာအားလုံးခွင့်လွှတ်ပြီး အဆင်ပြေသွားရင် ကျွန်တော်အရမ်းမုန်းမိတယ်…. ဘာလို့များ အရူးဆန်ရတာလဲဆိုပြီး………အခုတော့ ကျွန်တော်လည်း အလိုဖြစ်နေပြီလား အချစ်က အရာအားလုံးကို အနိုင်ယူနိုင်တဲ့ အကြောင်းပြချက်တစ်ခုများလား 😔

ခုတော့…….အခုတော့
ကျွန်တော် ဝဋ်များလည်နေလား ထင်မိတယ်……
မိုက်ရူးရဲဆန်တဲ့သူ ကျွန်တော့်လောက်မိုက်ရူးရဲတဲ့သူရှိပါဦးမလား…
ကျွန်တော် အခုထိများ သူ့ကို
သူ့ကို… 😥

မနက်အစော ၅ နာရီလောက် အားလုံး ထပြန်ဖြစ်တယ်.မေရီးကတော့ ​ပြန်တော့ မျက်နှာမကောင်းဘူး ဒါမဲ့လည်းဘာမှတော့မပြောဘူး……
ကိုရှိုင်းနဲ့ ဟယ်ရီကတော့ မေရီးနဲ့အဘ ကိုကန်တော့ပရစေဆိုပြီး အဖြူရောင် စာအိတ်လေးနဲ့   ကန်တော့နေတယ် ကျွန်တော်ကတော့ ညထဲက မေရီးနဲ့အဘကို အမေတို့ ကန်တော့ခိုင်းတဲ့ ငွေရော ကျွန်တော့် ကိုယ်ပိုင်ငွေနဲ့ရော ကန်တော့ ပြီးသွားလို့ လက်ဗလာနဲ့ ပဲ ကန်တော့လိုက်တယ်…..

မေရီး ” ငါ့မြေးတို့ရယ် ဒီတိုင်း ကန်တော့လည်း ရပါတယ်ကွယ် ဒီလိုတွေလုပ်ဖို့မလိုပါဘူး….ကျုပ်တို့ ဘာမှလည်း လုပ်​ပေးရတာမှမဟုတ်တာ ခနပဲ ကို ကွယ်..”

ရှိုင်း ” မဟုတ်တာ အဖွားရယ် ကျွန်တော့် အဖိုးနဲ့ အဖွားလို သဘေထားပြီး ကန်တော့ချင်တာပါ လက်ခံပေးပါအဖွားရယ်.. “

ဟယ်ရီ ” ဟုတ်ပါတယ်အဖွားရယ်
             လက်ခံပေးပါနော်…”

အဘ ” အေးပါကွာ လက်ခံပါတယ်
         ခရီးထွက်ရမှာ နောက်ကျတော့မယ်  နောက်ကျရင် နေက ပူမှာနဲ့ စောစော ထွက်ကျ မကွေးနဲ့ ရန်ကုန်က နည်းတဲ့ခရီးမဟုတ်ဘူး  “

ရှိုင်း ” ဟုတ်ကဲ့……အဖိုး ….
            အဖွား  ကျွန်တော်တို့ သွားပြီနော်.. .. “

ဟယ်ရီ “‘ အဖိုးနဲ့ အဖွား ကျွန်မာရေးလည်း ဂရုစိုက်ကျဦးနော် “

စစ်ခွန်း.. ” မေရီး….အဘ
          ကျွန်တော်တို့ သွားပြီနော်…”

မေရီး.. ” အေးပါကွယ်  ….ငါ့မြေးတို့ သွားလမ်းသာလို့ လာလမ်းများဖြောင့်ကြပါစေ သွားလေရာခရီး​​ဘေးရှင်းပါစေတော် စိန်တောက်် ပတ္တမြား ဇယ်တောက်ကစား နိုင်ကြတဲ့ သူတော်ကောင်း သူတော် ​မြတ်များ ဖြစ်ကြပါစေ  စိတ်ကျန်းမာလို့ ကိုယ်ချမ်းသာကြပါစေ “

မေရီးကတော့ သူ့ထုံးစံအတိုင်း ဆုပေးလို့မပြီးတော့ ဘူး 😂
အဘကတော့ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်တုန်းပဲ…..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ရန်ကုန်ရောက်တော့    ပျက်ကွက်ခဲ့တဲ့ အလုပ်ကိစ္စတွေနဲ့  မအားလပ်ကြတော့ မတွေ့ဖြစ်ကြဘူး…….

အိမ်မှာ မိသားစုတွေနဲ့ အိမ်လာတဲ့ ဧည့်သည်တွေ စကားစပ်မိတုန်း
အမေက ….

” အဲ့တုန်းက တကယ်ခက်ခဲခဲ့တာပါအေ သားအလတ်က နေမကောင်းပါဘူးဆို သားကြီးက ထိုင်းထွက်သွားတော့ ငါတော့ သေချင်စိတ်တောင်ပေါက်တယ်
ဒါမဲ့လည်း ငါသေရင် ငါ့သား ပြုစုမဲ့သူမရှိဘူးဆိုပြီး အားတင်းထားရတယ်……
ငွေတိုးလောက်နဲ့ ဆေးဖိုးနဲ့က အဆင်မပြေပါဘူးတော်
တော်သေးတာက သားငယ်က နယ်ကိုအလုပ်ထွက်လုပ်တော့ သူပို့ပေးတဲ့ ငွေလေးနဲ့ မှ အဆင်ပြေတော့တယ်  တကယ် ကို သောက ဝေနေခဲ့တာပါအေ….”

စစ်ခွန်း..   😶😶
           (    ငါက ငွေပို့ပေးတယ် )

” အမေ …..အဲ့တုန်းက ကျွန်တော် ငွေပို့ပေးခဲ့ တာလား “

” ဟော…..အေးလေ… သားပဲ သားမအားလို့ သားသူငယ်ချင်းကို လူကြုံ ပို့ခိုင်းတာလေ……

အော်…အခုသားမေးမှသတိရတယ် အဲ့တုန်းက သားသူငယ်ချင်းဆိုတဲ့ ကောင်လေးရော အခု မတွေ့ပါလား သားတို့ အဆက်သွယ်ပြတ်သွားကြလို့လား.. “

” အမေ အဲ့တုန်းက ပိုက်ဆံ…. ဘယ်လောက်ပေးဖြစ်တာလဲ သား…. သိပ်ပြီးမမှတ်မိတော့လို့ ..”

” သားထွက်သွားတဲ့လက စပြီး တစ်လတစ်ခါ  အဲ့ကောင်လေးက လာပေးတယ်လေ တစ်လ ၃ သိန်း လာလာပေးတယ် သားမအားလို့ သားအစားလာပေးတာပါဆိုပြီးလေ “”

” အော်….ကြာတော့….
သားလည်း မေ့သွားလို့ “

JR CEO ရုံးခန်းတွင်…….

“  ဘာလဲ မင်းက ဒီလို ဘာမဟုတ်တဲ့
မတောက်တခေါက် ကုမ္ပဏီ လေး တည်ထောင်နိုင်ယုံလောက်နဲ့ မင်းကိုမင်း စောက်ရမ်းတွေ အထင်စွတ်ကြီး မနေနဲ့  မင်းလို မိန်းမပျက်မ သားက မိန်းမပျက်မ သားအဆင့် ပဲရှိတယ် ဆိုတာသဘောပေါက် ..😏  “

စစ်ခွန်း….

ရုံးခန်းရှေ့ ရောက်တော့ ကြားလိုက်ရတဲ့ အသံတွေကဘာတွေလဲ အတွင်းရေးမှူးမလေး ပြောတာတော့ ဧည့်သည်ရောက်နေတယ်တဲ့ အခုတော့ ဘာသံတွေလဲ…

” မင်းမှတ်ထား မင်းနဲ့ ငါတို့ M လုပ်ငန်းစု နဲ့ဘာမှမပတ်သတ်ဘူး ကိုယ့်အဆင့်ကိုမသိပဲ M လုပ်ငန်းစု ကို တက်မှန်းမနေနဲ့   “

ရှိုင်းခေတ်…

ကျွန့်တော့ကိုပါ ကလန်ကဆန် ဘုကြည့်ကြည့်သွားတဲ့ ပုံကို ကြည့်ရရင် လူကောင်းတော့ ဖြစ်ပုံမပေါ်ဘူး

ရုံးခန်းထဲဝင်လိုက်တော့….

မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကိုမြင်တော့  အားတင်းပြုံးလိုက်ပြီး….

” အော်…ခွန်း ကို့ ဆီလာတာလား
ထိုင်လေ…. 😁”

ရှိုင်းခေတ်…

ဘုန်း…..

စားပွဲပေါ် ရောက်လာတဲ့ အထုပ်တစ်ထုပ် အတိအကျပြောရရင်
KBZ BANK ဆိုတဲ့ အဖြူရောင် ကြွပ်ကြွပ်အိတ်ထုပ်..

“  ခွန်း……ဒါက “

” ဟုတ်တယ်…..ခင်များ စိုက်ပေးထားတဲ့ ပိုက်ဆံတွေပဲ…..
ကျေးဇူးတင်ပါတယ် လို့တော့ မပြောတော့ဘူးနော်…
ဘာလို့ဆို အဲ့စကားက ခင်များနဲ့မတန်ဘူးဆိုတာ ခင်များပဲအသိဆုံးဖြစ်မှာပါ
အနည်းဆုံး ၁၀ လ အများဆုံး တစ်နှစ်လောက်တော့ရှိမှာပေါ့  တစ်လ ၃ သိန်းဆိုတော့ ကျွန်တော် ပိုပိုလိုလို  ၃၆ သိန်းထည့်ထားတယ် ….”

ခန တိတ်ဆိတ်သွားပြီး

” ဘာလို့လဲ……….
ဘာလို့ အလိုလုပ်ခဲ့တာလဲ
ခင်များ ကိုယ့်ကိုယ်ကို အပစ်မကင်းတဲ့စိတ်ကြောင့်လား ….”

( ခွန်းသိသွားပြီကို…..
ကျေးဇူးပြုပြီး    ခွန်းကပါ ကိုယ့်ကို အလိုမလုပ်ပါနဲ့လား ခွန်းရယ် …
ကိုယ်တကယ် ခံနိုင်ရည်မရှိတော့ဘူး ခွန်းရယ်… )

” ခွန်းသိသွား ပြီး ဆိုတော့လည်း ကောင်းပါတယ်
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ သိလာမှာပဲလေ……”

” ဒါဆိုလည်း ကျွန်တော်ကို ခွင့်ပြုပါဦး ကိုရှိုင်းခေတ်….”

” 🙂 ကောင်းပါပြီ “

တံခါး ခြား သွားတာနဲ့ ကောင်လေးနှစ်ယောက်လုံး ရင့်နဲ့မဆံ့အောင် ငိုကြွေးခဲ့ကြရတယ် ဆိုတာတော့ သူတို့နှစ်ယောက်လုံးမသိခဲ့ကြပါဘူး 😭

.
.
.
.
.
.
.
.
.
.
.
.
.
📲 ဟယ်ရီ

” အေးပြော..”

” ဒီည သောက်ရအောင်
ငါပြင်းလို့…..”

” အင်း….. ငါလည်း သောက်ချင်နေတာ
ဘယ်ဆိုင်လဲ……”

At (——–)ဆိုင်

ဟယ်ရီ.. ” ကဲ….မင်းက ဘာကိစ္စသောက်ချင်နေရတာလဲ….”

စစ်” ဒီလိုပါပဲကွာ….. ပြင်းလို့
       ငါ့ကိုသာမေးနေတာ
        မင်းကရော ဘာဖြစ်လို့လဲ “

ဟယ်ရီ ” ဒီလို ကိစ္စတွေ ဘယ်တော့မှရပ်မလဲ ငါမသိတော့ဘူးကွာ  ….
နှစ်ယောက်လုံးကငါချစ်ရတဲ့ ငါ့မိသားစုဝင်တွေ
ငါဘယ်လိုလုပ်ရမလဲတကယ်မသိတော့ဘူး       ……….
ကိုငယ်ကိုလည်း ငါအရမ်းသနားတယ်
ကိုကြီးကိုလည်း ဘယ်လို ဖြောင်းဖြ ရမလဲ ငါမသိတော့ဘူး………..
စစ်ခွန်းရာ ငါတကယ် မသိတော့ဘူး… “

” မင်းပြောနေတာတွေက…….
ကိုရှိုင်းနဲ့ မင်းအကိုကြီး ကိစ္စလား “

( ဒါဆို မနက်က လူက ကိုကြီးဆိုတဲ့သူများလား )

” အေးကွာ ငါတကယ် ကိုငယ်ကို သနားတယ်
ငယ်ငယ်တည်းက သူသိပ်ချစ်ရတဲ့ အမေကိုလည်းဆုံးရှုံးရတယ်………
ငါတို့ မိသားစုနဲ့မပတ်သတ်ချင်တော့လို့  နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း ပညာသွားသင်တယ် ….
ပြန်လာတော့လည်း
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်ဆိုပြီး အိမ်က အပြီးထွက်သွားပြီး သူ့ကြိုးစားမှုနဲ့သူ ဒီလို အောင်မြင်တဲ့ ကုမ္ပဏီ ဖြစ်အောင်တည်ထောင် အဖေရဲ့အကူညီ တစ်စက်မှမပါဘူး အားလုံးသူ့ကြိုးစားမှုနဲ့ပဲ

ဒါ​ကြောင့်ကိုကြီးက အရမ်းတော်တဲ့ကိုငယ်ဆီကို  အဖေက M လုပ်ငန်းစု အမွေစက်ခံခိုင်းမှာ အရမ်းကြောက်နေတာ
…..
ကိုငယ်ထွက်သွားတုန်းက တစ်ခါတည်းပြောပြီးသားပါကွာ
ကျွန်တော် ခင်များမိသားစု ပိုင်ဆိုင်မှုကို လုံးဝ စိတ်မဝင်စားဘူးဆိုတာ
အဒါကြောင့် သူ့လုပ်ငန်းတောင် အဖေလုပ်ငန်းနဲ့ လုံးဝမပတ်သတ်ဘူး…..အဖေ့အကူညီမပါဘူး……”

” မင်းတို့ ညီကိုတွေက….”

” ဟုတ်တယ် ကိုငယ့်အမေက ……….
ငါတို့ညီကိုနှစ်​​ယောက် အမေနဲ့မတူဘူး
အဖေတူ အမေကွဲ တွေပေါ့ကွာ….”

( မင်းလို မိန်းမပျက်မသားက….
မိန်းမပျက်မ သား အဆင့်ပဲရှိတယ်ဆိုတာသဘောပေါက်…..)

နားထဲဝင်လာသောထိုစကား….
မနက်က သူ့အကိုပေါ့   
ငါ….
ငါပြောမိတာတွေ……….
ဟူး   ………စစ်ခွန်းသာ ရယ် မင်းနဲ့သူနဲ့က အမြဲ timing မကိုက်ပါ့လား…ဟူး………..”

စစ်ခွန်း…..

ည….၁၁:၃၅

ကျွန်တော် ဖုန်းကိုပဲ ကြည့်နေမိတယ်..
ငါဆက်ရင်ကောင်းမလား…..
ဟ့င်အင်….မဟုတ်ဘူး…….
ငါမှားတာလေ….မဟုတ်ဘူး
ငါမမှားဘူးလေ..
ဟား ဘယ်လိုလုပ်ရမလဲ   ..
ဆက်ပြီးရင်ရော ဘာပြောရမှာလဲ
ကိုရှိုင်း ကျွန်တော် တောင်းပန်ပါတယ်
ဟား….မဟုတ်ဘူးလေ ငါကဘာလို့ပြောရမှာလဲ….ဟူးးးးးးးး

ထိုချိန် ဖုန်းဝင်လာတယ်…

📲 ကိုရှိုင်း

ဟူး…ဒီတစ်ခါတော့ timing ကိုက်တာလား….

” ဟယ်…ဟယ်လို….
ကိုရှိုင်း….”

” ခွန်း….
ဒီမှာလေ….
ပိစိလေးနေမကောင်းလို့ ဆေး….ဆေးရုံတင်လိုက်ရတယ်….
အဒါခွဲစိတ်ခန်းဝင်နေတာ
သွေး..သွေးလိုတယ်တဲ့
အဒါ သားနဲ့သွေးတူတာ ခွန်းပဲ ရှိတယ် ခွန်း ကိုယ့်ကိုကူညီပါဦး ဆေးရုံကို အမြန်လာခဲ့ပေးပါခွန်းရယ်…..

” ပိစိလေး နေ…နေမကောင်းလို့ ဆေးရုံးတင်လိုက်ရယ်…ဟုတ်လား….
ဘယ်….ဘယ်ဆေးရုံလဲ….”

ရှိုင်းခေတ် ……

အလုပ်က ပြန်လာတည်းက ပိစိလေးကိုယ်နည်းနည်းနည်းပူနေလို့ အရင်တိုင်းပဲ အဖျားလေး နည်းနည်း ရှိတယ်မှတ်ပြီး သူသောက်နေကျ ဆေးလေး တိုက်ပြီသိပ်လိုက်တယ်.ဘာလို့ဆို သားသားအရင်က တစ်ခါမှ အကြီးကျယ်မဖျားဖူးဘူး…….ဘယ်သူနဲ့ တူတာလဲတော့မသိဘူး ကိုယ်ခံအားကတော့အရမ်းကောင်းတယ်…. တော်ရုံဆိုမဖျားတတ်ဘူး…၁၁ထိုးလောက် ကျွန်တော် အလုပ်လုပ်ပြီး အိပ်ရာထဲဝင်တော့ သားသားကိုယ်ကို စမ်းကြည့်တော့ ကိုယ်တွေပူချစ်ပြီး….

” သားသား….ပိစိလေးရေ…
ဖေဖေခေါ်နေတယ်လေကွာ..
သားသား……သားသား……
ရှိုင်းစစ် ရေ…..သားသား….”

ဘယ်လိုလှုပ်ပြီးခေါ်ခေါ် သားသားနိုးမလာဘူး….အရင်ဆို သူ့နာမည်ခေါ် လိုက်တာနဲ့ ချက်ချင်းနိုးလာတဲ့သားကအခု….
.
.
.
.
.
..
..
.
.
.
.

ဆေးရုံရောက်တော့

“  ကလေးက အစာအိမ်သွေး​ကြောပေါက်သွားလို့ ခွဲစိတ်ရမယ်…
ရှင်က ကလေးရဲ့အုပ်ထိန်းသူလား
ဒီမှာ လက်မှတ်ထိုးပေးရမယ်….”

သူနာပြု ဆရာမလေး ပြောတာတွေ ကျွန်တော်နားထဲမှာ ကြားတစ်ချက်မကြားတစ်ချက်….

‘” ဟုတ်….ဟုတ်ကဲ့…..
ဒီ…ဒီနားမှာထိုးရမှာလား…..”

“ဟုတ်ပါတယ် ဒီနားမှာ ခွဲစိတ်မှု သဘောတူညီကြောင်းလက်မှတ်ပါ”

ဆရာမလေး ထွက်သွားတော့…….

ကျွန်တော်ဘာလုပ်ရမလဲ    …….
မွေးခါစထဲက.    ကျန်းကျန်းမာမာ နဲ့ ခြူးချာ မှုမရှိတဲ့သားသားက အခု ခွဲစိတ်တဲ့အထိဆိုတော့ ကျွန်တော်ဘာလုပ်ရမလဲ……
သားသား…..ပိစိလေးရယ်    
သားသားကပါ ဖေဖေကို ထပ်ပြီးမရက်စက်ပါနဲ့တော့လား…
ဖေဖေဘဝမှာ အရာအားလုံးဆုံးရှုံးခဲ့ရပြီးပြီးလေ…..သားကပါ
အလိုမလုပ်ပါနဲ့လား….
မေမေ…………..
မေမေမြေးလေးကို စောင့်ရှောက်ပေးပါဦး…..သားဒီတစ်ခါဆို လုံးဝ ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး….
သားကိုကယ်ပါဦး
​ မေမေရယ်……”

” ရှိုင်းစစ်ရဲ့ အဖေလား
ကလေးကအရေးပေါ်  သွေးလိုနေလို့
ရှင်က ဘာသွေးလဲ ကလေးနဲ့သွေးတူတူပဲလား….”

သားသား …သားသားက AB သွေး
ကျွန်တော်နဲ့မတူဘူး  သားသားနဲ့သွေးတူတာက

ခွန်း…….

ခွန်းဆီဖုန်းဆက်လိုက်တော့……📲

စစ်ခွန်း…

ကျွန်တော့်ရင်တွေလည်း ပူလောင်နေပါပြီ    သားသားလေးရယ်
ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့…
ကျွန်တော်တောင်းပန်ပါတယ် ……

ဆေးရုံရောက်တော့

” ကိုရှိုင်း…….”

“ခွန်း….ကိုယ့်ကို ကူညီပါဦးခွန်းရယ်
😭     သားသား…သားသားကိုကယ်ပေးပါ….”

” ရှင်က AB သွေး လား “

ဆရာမလေးလာမေးတော့………

‘”  ဟုတ်…ဟုတ်ပါတယ်……
ကျွန်တော်  AB သွေးပါ…..
ကျွန်နော့် သွေးကိုယူလိုရပါတယ်…
ကြိုက်သလောက်ယူလို့ရပါတယ်…”

” နောက်က လိုက်ခဲ့ပေးပါ…”

” ကိုရှိုင်း… အရင်ဆုံး စိတ်အေးအေးနဲ့ စောင့်နေပေး  ကျွန်တော် ပြန်လာခဲ့မယ်နော်…….”

” အင်း….ခွန်းရော အဆင်ပြေပါစေ…”

“….”

သွေးထုတ်ပြီးထွက်လာတော့     အရုပ်ကြိုးပြတ်သလို ထိုင်နေတဲ့ ကိုရှိုင်းကိုတွေ့တော့…

” ကိုရှိုင်း…..”

ကျွန်တော့်ဆီပြေးလာပြီး     တစ်ကိုယ်လုံး သိမ်းကျုံးဖက်လိုက်တဲ့ ကိုရှိုင်း

” ခနလေးပါ…………..
ဒီတိုင်း ခနလေးပါပဲ    “

ကျွန်တော့်လက်တွေနဲ့ သူ့ကျောပြင်ကို ဖွဖွလေးပုတ်ပေးမိတယ်  …..

ဆေးရုံးကုတင်ပေါ်     သွေးထုတ်ထားလို့ ခနနားရမယ်ဆိုပြီး နားလိုက်တယ်..
မနက်မိုးလင်းတော့     ကိုရှိုင်းက ကျွန်တော့် ဘေးနားမှာ…..

” ကိုရှိုင်း… သားသား……
သားသားရော အဆင်ပြေလား   “

” အင်း…စောနကပဲ ခွဲစိတ်ခန်းထဲက ထွက်လာတယ်…အခုဆေးအရှိန်ကြောင့်အိပ်ပျော်နေတယ်…… ခွန်းရော  သက်သာလား..  “

” ကျွန်တော်က သက်သာပါတယ်   
သားသားဆီ သွားရအောင်လေ….
အားစ်….”

ရုတ်တရပ် မတ်တပ်ရပ်လိုက်တော့ ခေါင်းမူးပြီး သူ့ရင်ခွင်ထဲလဲကျသွားတယ်…

” ဖြေးဖြေးလုပ်မှပေါ့…….
ခွန်းက သွေးလှူထားတာဆိုတော့    နည်းနည်း အားနည်းအုံးမယ်..  “

သားသား အခန်းထဲရောက်တော့ အခုထိအိပ်နေတုန်းပဲ

‘” ကိုရှိုင်းသွားနားလိုက်ပါ…
တညလုံးမအိပ်ရသေးဘူးမလား….
တော်ကြာ    သားသားသတိရလာလို့ ကိုရှိုင်းလဲသွားရင်ဘယ်လိုလုပ်မလဲ
ခနဖြစ်ဖြစ် သွားနားလိုက်ပါ…”

“အဆို ကိုခန သွား နားလိုက်ဦမယ်
တစ်ခုခုဆို ကိုယ့်ကို လာနှိုးနော်”

“အင်းပါ..”

နေ့ခင်းလောက်ရောက်တော့….

သားသားက ဆေးရှိန်ကြောင့်အခုထိမနိုးသေးဘူး…ကိုရှိုင်း ဝင်လာတော့

” ကိုယ်နေ့လည်စာ ဝယ်လာတယ်
တူတူစားရအောင်..”

” အင်း… “

အိမ်က ဖုန်းဝင်လာတော့…

” ကိုရှိုင်း ကျွန်တော် ဖုန်းခန သွားပြော လိုက်ဦးမယ်နော်…အိမ်ကို သေချာမပြောခဲ့ရလို့   “

” အင်းပါ……

ခွန်း…….ကျေးဇူးပဲနော်…”

” ရပါတယ် 😁”

ဖုန်း ပြောတာ နည်းနည်းကြာသွားတယ်ထင်တယ်
ပြန်လာတော့ သားသားသတိရနေပြီ ထင်တယ်….သားသားအသံကြားရတယ်….သူတို့ သားဖနှစ်ယောက် လွတ်လွတ်လပ်လပ်ဖြစ်စေချင်လို့ ခနနေမှ ဝင်မယ်လုပ်တုံး ကြားလိုက်ရတာတွေက

ရှိုင်းခေတ်…..

ခွန်းထွက်သွားပြီး ခနကြာတော့  သားသားက

“ဖေဖေ….ဖေဖေ….”

” သားသား….
ဖေဖေ..ဖေဖေရှိတယ်လေ….
သားသတိရလာပြီ….
ဖေဖေဝမ်းသာလိုက်တာသားရယ်….😭”

” ဖေဖေ သားထိုင်ချင်တယ်….”

” အင်း…ဖေဖေလုပ်ပေးမယ်နော်…”

” ဖေဖေ…..”

” အင်း…ပြောလေ သား….😁”

” သားသား အိမ်မက်မက်တယ်….”

” သားက ဘာမက်လို့လဲသားရဲ့…… “

” အိမ်မက်ထဲမှာလေ  သားသားရယ်
ဖေဖေရယ်…..နောက်ထပ် တစ်ယောက်ရယ် အိမ်မက်မက်တယ်….
အဲ့လူကလေ ဘယ်သူမှန်း မျက်နှာကို မမြင်ရပေမဲ့  သားသားကိုလဲ အရမ်းချစ်ပြီး သားသားကလည်း သူ့ကိုအရမ်းချစ်တဲ့ပုံပဲ ပျော်စရာကောင်းတယ်တဲ့ မိသားစု ဆိုတာ အဒါမျိုးခေါ်တာလားဟင်….”

စစ်ခွန်း…..

သားသားရယ်….သားသား​လေးရဲ့ ဘဝကလဲ ကိုကိုဘယ်လိုများ လူပ်ပေးရပါ့မလဲ…

” ဖေဖေ… သားသားကို မွေးပေးတဲ့ မေမေက ဘာလို့ သားသားကို မွေးပြီးပြီး ချင်းထားခဲ့တာလဲဟင်….
သားသူငယ်ချင်းတွေပြောတာတော့
သားမေမေက သားသားကို မလိုချင်လို့ သားသား  😭ဟင့်….သားသားမွေးပြီးပြီးချင်းထားခဲ့တာတဲ့….
မေမေက ဘာလို့ … ဘာလို့ သားသားကို မလိုချင်တာလဲဟင်…သားသားက စိုးလို့လားဟင်  😭”

စစ်ခွန်း…..
သားသားရယ် 😭

ရှိုင်းခေတ်….

” မဟုတ်ပါဘူး……
မဟုတ်ပါဘူး သားရယ်…
သားကို မွေးပေးတဲ့သူက သားကို အရမ်းချစ်တာပါ…..သူ့ရဲ့ အသက်ထက်ပိုပြီးတော့ကို သားကိုချစ်တာပါ
သားရယ်….အလိုမတွေးပါတယ် သားရယ်…😭”

” ဒါဆို…😭
ဒါဆို…… သားကိုမွေးပေးတဲ့သူက ဘယ်သူလဲဟင်….သားသားကို ဘာလို့လာမတွေ့တာလဲ    ပြောတော့ သားသားကို အရမ်းချစ်တာဆို
ချစ်တယ်ပြောပြီးဘာလို့ သားသားကိုလာမတွေ့တာလဲဟင်….😭”

” သားသား….သားသား…သိချင်ရင်
ဖေဖေပြောပြမယ်     ……
ဒါပေမဲ့လေ…..ဘယ်လို ထူးဆန်းတဲ့ အရာတွေပဲဖြစ်ဖြစ် လူတွေအလွယ်တကူလက်မခံနိုင်တဲ့အရာတွေပဲဖစ်ဖြစ်    သားသားကတော့ သူတို့နဲ့ တူလို့မရဘူးနော်……
သားသားလက်ခံမှဖြစ်မှာ….”

” သားသား….ကတိပေးပါတယ် 🤙
သားသားလက်ခံနိုင်ပါတယ်
သားသားကိုပြောပြပါနော်….”

.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
” တကယ်တော့လေ………………..
သားသားကို မွေးပေးတာ    မေမေမဟုတ်ဘူး…. နောက်ထပ် ဖေဖေတစ်ယောက်က မွေးပေးတာ……….”.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
#ကဲ……..ကြာသွားတဲ့ အတွက် တောင်းပန်ပါတယ် နော် 🙏😊

#ဒါဒါလေး တွေကို တစ်ခုလောက်မေးပါရစေ
ရှိုင်းခေတ်ရဲ့ ခံစားချက်ကို နားလည်ကြရဲ့လားဟင် တကယ်လို့ ရှိုင်းခေတ်ရဲ့ ခံစားချက်ကို ပေါ်​လွင်အောင်မရေးနိုင်ခဲ့ရင် သာသာအပစ်တွေပါ
သာသာအသုံးမကျလို့ပါ…သာသာကိုပဲပြောပါ…..ကြိုက်သလိုပြောပါအပစ်တင်ပါနော်…..

ဒါဒါလေးတွေ ဖြေသွားပေးခဲ့ကြပါနော်….

Zawgyi……

စစ်ခွန်း….


ခုတော့…….အခုတော့
သူ့ကို… 😥




             လက်ခံပေးပါနော်…”


ရှိုင်း ” ဟုတ်ကဲ့……အဖိုး ….


စစ်ခွန်း.. ” မေရီး….အဘ

မေရီး.. ” အေးပါကွယ်  ….ငါ့မြေးတို့ သွားလမ်းသာလို့ လာလမ်းများဖြောင့်ကြပါစေ သွားလေရာခရီး​​ဘေးရှင်းပါစေတော် စိန်တောက် ပတ္တမြား ဇယ်တောက်ကစား နိုင်ကြတဲ့ သူတော်ကောင်း သူတော် ​မြတ်များ ဖြစ်ကြပါစေ  စိတ်ကျန်းမာလို့ ကိုယ်ချမ်းသာကြပါစေ “

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

အမေက ….


စစ်ခွန်း..   😶😶
           (    ငါက ငွေပို့ပေးတယ် )






” အော်….ကြာတော့….
သားလည်း မေ့သွားလို့ “

JR CEO ရုံးခန်းတွင်…….


စစ်ခွန်း….



ရှိုင်းခေတ်…




ထိုင်လေ…. 😁”

ရှိုင်းခေတ်…

ဘုန်း…..


“  ခွန်း……ဒါက “


ခန တိတ်ဆိတ်သွားပြီး

” ဘာလို့လဲ……….

( ခွန်းသိသွားပြီကို…..



” 🙂 ကောင်းပါပြီ “


.
.
.
.
.
.
.
.
.
.
.
.
.
📲 ဟယ်ရီ

” အေးပြော..”

” ဒီည သောက်ရအောင်
ငါပြင်းလို့…..”

ဘယ်ဆိုင်လဲ……”

At (——–)ဆိုင်


       ငါ့ကိုသာမေးနေတာ


” မင်းပြောနေတာတွေက…….


ပြန်လာတော့လည်း

…..

” မင်းတို့ ညီကိုတွေက….”

” ဟုတ်တယ် ကိုငယ့်အမေက ……….


မနက်က သူ့အကိုပေါ့   
ငါ….
ငါပြောမိတာတွေ……….

စစ်ခွန်း…..

ည….၁၁:၃၅

ငါဆက်ရင်ကောင်းမလား…..
ဟ့င်အင်….မဟုတ်ဘူး…….
ငါမှားတာလေ….မဟုတ်ဘူး
ငါမမှားဘူးလေ..
ဟား ဘယ်လိုလုပ်ရမလဲ   ..


📲 ကိုရှိုင်း


” ဟယ်…ဟယ်လို….
ကိုရှိုင်း….”

” ခွန်း….
ဒီမှာလေ….
သွေး..သွေးလိုတယ်တဲ့

ဘယ်….ဘယ်ဆေးရုံလဲ….”

ရှိုင်းခေတ် ……


” သားသား….ပိစိလေးရေ…
ဖေဖေခေါ်နေတယ်လေကွာ..
သားသား……သားသား……
ရှိုင်းစစ် ရေ…..သားသား….”

.
.
.
.
.
..
..
.
.
.
.

ဆေးရုံရောက်တော့



‘” ဟုတ်….ဟုတ်ကဲ့…..


ဆရာမလေး ထွက်သွားတော့…….

ကျွန်တော်ဘာလုပ်ရမလဲ    …….
သားသား…..ပိစိလေးရယ်    
အလိုမလုပ်ပါနဲ့လား….
မေမေ…………..
သားကိုကယ်ပါဦး
 မေမေရယ်……”

” ရှိုင်းစစ်ရဲ့ အဖေလား

သားသား …သားသားက AB သွေး

ခွန်း…….


စစ်ခွန်း…


ဆေးရုံရောက်တော့

” ကိုရှိုင်း…….”


” ရှင်က AB သွေး လား “

ဆရာမလေးလာမေးတော့………

‘”  ဟုတ်…ဟုတ်ပါတယ်……
ကျွန်တော်  AB သွေးပါ…..

” နောက်က လိုက်ခဲ့ပေးပါ…”



“….”


” ကိုရှိုင်း…..”


” ခနလေးပါ…………..
ဒီတိုင်း ခနလေးပါပဲ    “



” ကိုရှိုင်း… သားသား……
သားသားရော အဆင်ပြေလား   “


အားစ်….”


” ဖြေးဖြေးလုပ်မှပေါ့…….




“အင်းပါ..”



တူတူစားရအောင်..”

” အင်း… “

အိမ်က ဖုန်းဝင်လာတော့…


” အင်းပါ……

ခွန်း…….ကျေးဇူးပဲနော်…”

” ရပါတယ် 😁”


ရှိုင်းခေတ်…..


“ဖေဖေ….ဖေဖေ….”

” သားသား….
ဖေဖေ..ဖေဖေရှိတယ်လေ….
သားသတိရလာပြီ….

” ဖေဖေ သားထိုင်ချင်တယ်….”


” ဖေဖေ…..”

” အင်း…ပြောလေ သား….😁”

” သားသား အိမ်မက်မက်တယ်….”



စစ်ခွန်း…..



စစ်ခွန်း…..
သားသားရယ် 😭

ရှိုင်းခေတ်….

” မဟုတ်ပါဘူး……
မဟုတ်ပါဘူး သားရယ်…

” ဒါဆို…😭

ဖေဖေပြောပြမယ်     ……

” သားသား….ကတိပေးပါတယ် 🤙

.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
” တကယ်တော့လေ………………..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၂ light novel, ,

Comment

Leave a Reply

Chapter 23